cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Movie World

လူကြီးမင်းတို့ရဲ့ ကြေငြာများထည့်သွင်းလိုပါက 👇 @KNG7799

Show more
Advertising posts
480 930
Subscribers
+24324 hours
+4 5127 days
+18 76130 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
Channel အသစ်လေးရဲ့ ပထမဆုံးဇာတ်ကားလေးအဖြစ် Talugu စကားပြော Action/Romance ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ စီနူနဲ့ ဂျွန်နုဆိုတဲ့ ကလေးနှစ်ယောက်ရဲ့ ၁၄ နှစ်ကျော်ကြာဝေးကွာခဲ့ရတဲ့ ငယ်ဘ၀လေးသံယောဇဥ်လေး တစ်ခုဟာ အချိန်တွေကြာလာတာနဲ့အမျှ ချစ်ခြင်းနဲ့ စွဲလမ်းတမ်းတခြင်းအဖြစ်ကို ကူးပြောင်းလာခဲ့ပါတယ်။ သူ့၀ါသနာကို ကိုယ့်အမှတ်တရအဖြစ် သိမ်းဆည်းထားတဲ့ ဂျွန်နု နဲ့…. သူ့စကားတစ်ခွန်းကို ကိုယ့်နေ့ရက်တိုင်းရဲ့ လိုက်နာစရာအမိန့်တစ်ခုလို သဘောထားရင်းရှင်သန်နေတဲ့ စီနူ… ကြားထဲက ကံကြမ္မာအလှည့်အပြောင်းတွေကြား မထင်မှတ်ဘဲ.. မဝေးသင့်ပဲ ဝေးခဲ့ရတဲ့ လွဲချော်ခြင်းအဖြစ်အပျက်တွေကြား စီနူ နဲ့ ဂျွန်နုတို့ရဲ့ချစ်ခြင်းက ဘယ်အချိန်မှ ပြန်ပေါင်းဆုံနိုင်မလဲဆိုတာ….. IMDB 7.3 ရထားတဲ့ ဒီကားလေးမှာ ဆက်လက်ရှုစားပေးကြပါဦး။ အပြာရောင်စာတန်းကိုနှိပ့်ကြည့်ကြပါ အရင် နှိပ့်ပါ 👉 ချန်နယ်လင့် ဇာတ်ကားလင့် 👉 နှိပ့်ပါ
Show all...
👍 2 1
Photo unavailableShow in Telegram
ဘာဟူဘာလီ ၁/၂ အပြာရောင်စာတန်းကိုနှိပ့်ကြည့်ကြပါ အရင် နှိပ့်ပါ 👉 ချန်နယ်လင့် ဇာတ်ကားလင့် 👉 နှိပ့်ပါ
Show all...
👍 9 2
KGF ဒါရိုက်တာ ရိုက်ကူးပြီး ဘဟူးဘလီမင်းသား ပရာဘာစ်နဲ့ မင်းသမီး ရူရ်သီဟာစန်တို့ ပါဝင်ထားတဲ့ S.a.l.a.a r (2023) ရုပ်ရှင်ကို ဒီနေ့ပဲ Netflix က official လွှင့်လိုက်လို့ ပရာဘာစ်ဖန်တွေ အတွက် B-Town က ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ S.a.l.a.a r ရုပ်ရှင်က ဘတ်ဂျတ် ရူပီး ကုဋေ ၄၀၀ ရင်းပြီး ရိုက်ကူးထားကာ ကုဋေ ၇၀၀ ပြန်ရခဲ့လို့ ဘဟူးဘလီထွက်ပြီးကတည်းက ရုပ်ရှင် ၃ကား ဆက်တိုက် အရှုံးပေါ်ခဲ့တဲ့ ပရာဘာစ် အတွက် Comeback လို့ ပြောလို့ရပါတယ်။ IMDB rating 6.6 ရထားတဲ့ S.a.l.a.a.r က Part I ဖြစ်တာမို့ အပိုင်း ၂ အတွက် ဇာတ်အိမ် ပိုခိုင်မာအောင် နောက်ကြောင်းပြန်ထားတဲ့အပိုင်း အများစုကိုပဲ တွေ့ရမှာဆိုပေမဲ့ overpowered ဖြစ်တာမျိုး ကြိုက်သူ‌‌တွေ၊ လူဆိုး အ​ယောက် ၁၀၀ နဲ့ တယောက် ချတဲ့စော်တဲ့အခန်းတွေကိုမှ အားရပါးရ ကြည့်ချင်သူတွေ အတွက် S.a.l.a.a.r က ပိတ်ရက်မှာ အပန်းဖြေလို့ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ နယ်ပိုင်ရဲ့သား ဒီဗာ (Prabhas) ငယ်ဘဝတုန်းက ကန်ဆာဘုရင်ရဲ့သား ဗရက်ဟာနဲ့ ဆိုးတူကောင်းဖက် သူငယ်ချင်းတွေပါ။ နောက်ပိုင်း နယ်မြေတွေလုကြ‌ရင်း ဒီဗာရဲ့ အဖေ အသတ်ခံလိုက်ရပြီး ဒီဗာတို့မိသားစုကို နယ်မြေလုတဲ့ကောင်တွေက သတ်အံ့ဆဲဆဲဖြစ်နေချိန် ဗရက်ဟာ ရောက်လာပြီးတော့ သူပိုင်တဲ့နယ်နဲ့ ဒီဗာတို့ သားအမိကို လဲပြီး ကယ်လိုက်တယ်။ အဲ့မှာ ဒီဗာလည်း သူနဲ့ သူ့အမေတို့ကို ကယ်တင်ပေးခဲ့တဲ့ ဗရက်ဆာကို ဘယ်နေရာ ဘယ်ချိန်ရောက်ရောက် မင်းဖြစ်စေချင်တာ မှန်သမျှ ကူညီပေးမယ်ဆိုပြီး ကတ်ိပေးလိုက်ပါတယ်။ တစ်နေ့ အမေရိကရောက် သူဌေးသမီး ရူရ်သီးဟာစန် (အက်ဒရာ) အိန္ဒိယထဲ ခိုးဝင်လာတာကို သူဌေးကြီးနဲ့ ရန်စရှိတဲ့ ကန်ဆာဂိုဏ်းက သိသွားပြီး အက်ဒရာကို သတ်ဖို ကြိုးစားပါတယ်။ သူဌေးကြီးလည်း ဒီဗာရဲ့ သူငယ်ချင်း ဘီလားကို လှမ်းအကူအညီတောင်းတော့ ဒီဗာရဲ့ ရွာမှာ ကောင်မလေးကို လာဖွက်ထားပါတယ်။ ကန်ဆာကလူတွေ အက်ဒရာကို လိုက်ရှာရင်း ဒီဗာတို့ ရွာကိုရောက်လာပြီး ကန်ဆာနဲ့ အတိတ်သမိုင်းကြောင်း ရှိခဲ့ဖူးတဲ့ ဒီဗာနဲ့ ထိပ်တိုက်တွေ့ချိန်မှာတော့.... အပြာရောင်စာတန်းကိုနှိပ့်ကြည့်ကြပါ အရင် နှိပ့်ပါ 👉 ချန်နယ်လင့် ဇာတ်ကားလင့် 👉 နှိပ့်ပါ
Show all...
👍 6 1
Photo unavailableShow in Telegram
Photo unavailableShow in Telegram
ဒါရိုက်ကြီး Guhan Senniappan လက်ရာ ဖြစ်ပြီ ဘာဟူဘာလီထဲက သစ္စာရှိကျွန်ကြီး ကပ်တာပါ ရဲ့ ဇာတ်ကားသစ်ကြီး အပြာရောင်စာတန်းကိုနှိပ့်ကြည့်ကြပါ အရင် နှိပ့်ပါ 👉 ချန်နယ်လင့် ဇာတ်ကားလင့် 👉 နှိပ့်ပါ
Show all...
👍 20 6
Photo unavailableShow in Telegram
ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။ စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ ခွင့်လည်း တောင်းထားပြီးသား ခုလိုအခြေအနေကို မိသားစုကိုအကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့ တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက်သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့ မင်းသားချောပါပဲ။ ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးဗျာ။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။ အပြာရောင်စာတန်းကိုနှိပ့်ကြည့်ကြပါ အရင် နှိပ့်ပါ 👉 ချန်နယ်လင့် ဇာတ်ကားလင့် 👉 နှိပ့်ပါ
Show all...
👍 7
ဇာတ်ကားသစ်ကြီး ဒီနေ့မှာတော့ ထူးထူးခြားခြား underrated ဖြစ်နေတဲ့ လူကြီးတွေကြည့်သင့်တဲ့ Adult comedy dramaလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီဗျ။ adult ဆိုလို့ ညစ်ညစ်ညမ်းညမ်းပြောတာတွေ အိပ်ရာခန်းတွေများနေတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့ လူမှုဘဝမှာ ‌ဖြစ်နေကြအစဉ်အလာလိုဖြစ်နေပေမဲ့ normalizeမဖြစ်သင့်တဲ့အရာတွေကို မတူညီတဲ့ ဇာတ်လမ်း 4 ပုဒ်နဲ့ တင်ဆက်သွားမှာဆိုတော့ ပညာပေးတစ်ဖြစ်လည်း အမှန်အမှားကို ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ Anthology movie လေးဖြစ်တာမလို့ ဇာတ်လမ်းတစ်ခုကို မိနစ် 30 ဝန်းကျင်နဲ့ ဆက်စပ်မှုမရှိတဲ့ ဇာတ်လမ်းလေးခု၊ ဇာတ်လမ်းတစ်ခုစီမှာ လူ့ဘောင်အဖွဲ့အစည်းရဲ့ မတူညီတဲ့ပြဿနာတစ်ခုစီ မြင်ရမှာပါ။ ဆိုတော့ ဇာတ်လမ်းလေးကိုဆက်ကြပါစို့။ ပထမဆုံးဇာတ်လမ်းမှာတော့ အိမ်ထောင်ရေးတိုင်းမှာ မပါမဖြစ် ယောက္ခမ ချွေးမပြဿနာပေါ့။ ဗီဂျေးကတော့ ချစ်ရသူဒန်ယာနဲ့လက်ထပ်ရင် ချွေးမကို ယောက္ခမကနှိမ်တာ ဖိနှိပ်တာတွေကို တွန်းလှန်မယ်လို့ ကြွေးကြော်ထားလေရဲ့။ အချစ်က ရက် 60 တဏှာက ရက် 30 အိမ်မှုကိစ္စကတော့ တစ်သက်လုံးဆိုတာကို အိမ်ထောင်ရှင်ထီးလေး ဗီဂျေး ဘယ်လိုရင်ဆိုင်မလဲ။ ဒုတိယဇာတ်လမ်းမှာတော့ အချစ်ဟာမျက်စိမပါဘူးဆိုပေမဲ့ သွေးသားတော်စပ်နေတဲ့မောင်နှမမှန်းမသိ ‌ပေါက်ဖွားလာတဲ့ လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့အချစ်တစ်ခုရဲ့အဆုံးသတ်က ဘာဖြစ်မလဲ။ တတိယဇာတ်လမ်းမှာတော့ အချစ်နဲ့တဏှာဟာ မတူပါဘူးဆိုပြီး တွင်တွင်ပြောနေသူတွေရော ကိုယ့်အလှည့်ရောက်လာတော့ လက်ခံနိုင်မလား။ နောက်ဆုံးအနေနဲ့ Deepအဖြစ်ဆုံး အိမ်ထောင်ရေးပြဿနာလေးဖြစ်တဲ့ အဆင်မပြေတဲ့ အိမ်ထောင်ရေးတစ်ခုရဲ့ဓားစာခံဖြစ်တဲ့ သားသမီးတွေအပေါ်သက်ရောက်မှုတွေကို ကြည့်ရှုရမှာပါ။ အကြောင်းအရာကတော့deepဖြစ်ပေမဲ့ ဟာသလေးနှောပြီးတင်ဆက်ထားတာမလို့ ကြည့်ပျော်ရှုပျော်ဖြစ်သလို ပညာလည်းရမယ့် အတွေးလည်းရမယ့်ဇာတ်လမ်းလေးဖြစ်တာမလို့ ရှုစားဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ အပြာရောင်စာတန်းကိုနှိပ့်ကြည့်ကြပါ အရင် နှိပ့်ပါ 👉 ချန်နယ်လင့် ဇာတ်ကားလင့် 👉 နှိပ့်ပါ
Show all...
👍 2
Photo unavailableShow in Telegram
👍 1
(ပိရမစ်စနစ်MLM) ဇာတ်ကားသစ် IMDb - 7.4/10 Honeymoon Express သရုပ်ဆောင် Chaitanya Raoရဲ့ ပညာပေးကားလေးပါ။ ဒီနေ့ခေတ်မှာ ရေပန်းစားတဲ့ ခေါင်းပုံဖြတ်အမြတ်ကြီးစား၊ ထိပ်ပိုင်းကလူတွေပဲ ကြီးပွားပြီး အောက်ခြေကလူတွေဒုက္ခပင်လယ်ဝေရတဲ့ Chain networking business ခေါ် Multi-Level Marketing (MLM) အကြောင်းပညာပေးကားလေးပါ။ ချီရမ်ဂျီဗီက အစိုးရဝန်ထမ်း၊ သားကြီး။သူ့အောက်က မောင်နှမနှစ်ယောက်နဲ့ အမေမုဆိုးမကြီးကို ရှာကျွေးနေရတဲ့သူ။ သူ့ပခုံးပေါ်က တာဝန်ကလေးလွန်းလို့ အိမ်ထောင်ပြုမယ့်အကြောင်း မစဥ်းစားရဲသေးတဲ့သူပေါ့။ ညီနဲ့ညီမအခြေကျမှ သူ့ဆီမှာလည်းတင့်တောင်းတင့်တယ်ဖြစ်မှ လက်ထပ်မယ်စဥ်းစားထားတဲ့သူပါ။ သူကငယ်တုန်းက ပညာသိပ်မတတ်ပေမယ့် စာဖတ်တယ်။ လေ့လာတယ်။ ဒီလိုနဲ့ သူတို့လူလတ်တန်းစားနေရာကို MLMစီးပွားရေးတစ်ခုက ရောက်လာရော။ အဲဒီစီးပွားရေးကလည်း ပေါ့ပေါ့သေးသေးမဟုတ်ဘူး။ သူတို့ရပ်ရွာရဲ့ အားကိုးခံယုံကြည်ရတဲ့ ရွေးကောက်ခံအမတ်ကိုယ်တိုင် အာမခံပြီးသူကိုယ်တိုင် ပါဝင်ထားတဲ့စီးပွားရေးဖြစ်နေရော အပြာရောင်စာတန်းကိုနှိပ့်ကြည့်ကြပါ အရင် နှိပ့်ပါ 👉 ချန်နယ်လင့် ဇာတ်ကားလင့် 👉 နှိပ့်ပါ
Show all...
3👍 1😁 1
Photo unavailableShow in Telegram
🙋Hello အားလုံးပဲမဂ်လာပါ 🙋 ✅ အခုမှ အသစ်ဆက်ဆက်ထွက်ရှိထားတဲ့ App  လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်လို့ပါ App လေးရဲ့နမည်ကတော့ Oh My Game ဆိုတဲ့ Appလေးပဲဖြစ်ပါတယ်✅ ✳️ Oh My Game App ထဲမှာ ✳️ 💎 Mobile Legends Diamonds 💎 🔰 PUBG UC 🔰 🔰Mytel Data 🔰 ✳️ 24နာရီပိတ်ရက်မရှိ မိမိကိုယ်တိုင်လွယ်ကူလျင်မြန်စွာဝယ်ယူလို့ရပါတယ် နော် ✳️ 🔰 App လေးကို စိတ်ဝင်စားလို့ဝယ်ယူအားပေးချင်ရင်တော့ 👇👇 App Link 👇👇 http://download.ohmygame.org iOS အတွက် Link 👇👇 https://ohmygame.org/ Viber 09756486230 Telegram @Thuta20022 Telegram Channel Link 👇👇 https://t.me/MobileLegendsDiamondshop Fb Page Link 👇👇 https://www.facebook.com/profile.php?id=100093521381548&mibextid=LQQJ4d Viber Channel Link 👇👇 https://invite.viber.com/?g2=AQBHs4iQ4H8ui1AObePHmyr45TuP%2FdjY1WgWtMidPi3cklUHRuUH7CIV%2BTUF6Nec ✅ ဆက်သွယ်မေးမြန်စုံစမ်းနိုင်ပါတယ် နော် ✅
Show all...
👍 2